ကျေးသီး စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် အသက် (၁၂) နှစ်အောက် အမျိုးသားအမျိုးသမီးကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ (၃) နာရီအချိန်က မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းမျာနှင့် ၀မ်စိမ်းဘင်ခရာတပ်ဖွဲ့များကနေရာယူပြီး စစ်ကြောင်းမှူးမှဦးဆောင်ကာ ကျေးသီးမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်နှင့်အဖွဲ့၀င်များ တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲတို့အား ချီတက်အလေးပြုခြင်း၊ ဘင်ခရာတပ်ဖွဲ့မှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများမှ အားကစားအဓိဌာန်ရွတ်ဆိုခြင်းပြုလုပ်ခဲ့ကြသည်။
ဆက်လက်၍ ကျေးသီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်က အဖွဲ့အမှာစကားပြောကြားခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးမင်းထွန်းမှ ကျောင်းဘောလုံးပြိုင်ပွဲ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဒုတိယပညာရေးမှူးဦးမျိုးမင်းထွန်းမှ ၀မ်စိမ်းကျောင်းရှိ ဘင်ခရာတပ်ဖွဲ့၀င်များကို အလှူငွေများ ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)