ပေါက်တော စက်တင်ဘာ ၂၃
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယမန်နေ့ နေ့လယ်ပိုင်းတွင် အခြေခံပန်းချီသင်တန်း ဖွင့်လှစ်သည်။
ရှေးဦးစွာ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြဆရာ ဦးကျော်သန်းက အနာဂတ်မျိုးဆက်သစ် ကျောင်းသားကျောင်းသူများအနေဖြင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်ပြီး ဗလငါးတန်နှင့် ပြည့်စုံသော မျိုးဆက်သစ်လူငယ်များ ဖြစ်စေရန် လိုအပ်ကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းသို့ ပေါက်တောမြို့ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၃၂ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဒီဇင်ဘာလအထိ စာတွေ့၊လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)