မိုင်းပန် စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ခရိုင်ကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များအဖွဲ့သည် ယမန်နေ့တွင် မိုင်းပန်မြို့နယ်သို့ ရောက်ရှိ၍ မြို့နယ်၏အထင်ကရ နေရာများအား လေ့လာရေးခရီးလာရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် မိုင်းပန်မြို့နယ်၌ ထင်ရှားသော မဟာတေဇာဓိပတိစေတီတော်မြတ်ကြီး၊ မိုင်းပန်ဗုဒ္ဓဂါယာ ကုန်းပင်းဘုန်းတော်ကြီးကျောင်းတိုက်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးထားရှိသော မိုးစပါး ပန်းတိုင်အထွက်နှုန်း စံပြကွက်များကိုလည်းကောင်း၊ နေ့လည်ပိုင်းတွင် တိမ်ပင်လယ်ရှုခင်းသာ(ခေါ်) လွိုင်မုံမိန်းစေတီတော်၊ နောင်လုံအင်းနှင့် နန်းယီဆိုင် ကော်စေတီတော်တို့၌လည်းကောင်း လေ့လာရေးခရီးရောက်ရှိလာရာ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဒေသအလိုက်ဆိုင်ရာ သမိုင်းကြောင်းနှင့် အချက်အလက်များကို ပြိုင်ပွဲဝင်အဖွဲ့ဝင်များအား ရှင်းလင်းပြောကြားပေးခဲ့ကြကြောင်း သိရသည်။
နော်မှိုင်း(ပြန်/ဆက်)