ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ စားသောက်ဆိုင်များတွင် စင်တင်တေးဂီတဖျော်ဖြေရေးလုပ်ငန်းများနှင့်‌‌ ပတ်သက်၍ လုပ်ငန်းရှင်များနှင့် ညှိနှိုင်းအစည်းအဝေး ကျင်းပ

ဒဂုံမြောက် စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်အတွင်း စင်တင်တေးဂီတဖျော်ဖြေရေး လုပ်ငန်းလုပ်ကိုင်နေသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဝင်းက  မြို့နယ်အတွင်းရှိ စင်တင်တေးဂီတဖျော်ဖြေရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များအား လိုင်စင်အသစ်/ သက်တမ်းတိုးခြင်းနှင့် လိုင်စင် လျှောက်ထားရာတွင် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းများအား လိုက်နာဆောင်ရွက်ကြရန်နှင့် လုပ်ငန်းရှင် များဘက်မှ သက်ဆိုင်ရာလုပ်ငန်းအလိုက် ကြိုတင်ပြင်ဆင်၍ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် စသည့်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်သက်ဆိုင်ရာ ကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု များအား ရှင်းလင်းဆွေးနွေး တင်ပြကြရာ လိုအပ်သည်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။ စားသောက်ဆိုင်များတွင် စင်တင်တေးဂီတ‌  ဖျော်ဖြေရေးလုပ်ငန်းများ ဆောင်ရွက်ပါက ရန်ကုန်တိုင်းဒေသကြီးအစိုးရ ၏ ဩဂုတ်လ ၂၁ ရက်နေ့ ထုတ်ပြန်‌သောအမိန့် ညွှန်ကြားချက်အရ ၄၅ ရက်အတွင်း လုပ်ငန်းလိုင်စင်များ လျှောက်ထားရမည် ဖြစ်သည်။ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် စင်တင်တေးဂီတ ဖျော်ဖြေရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် လုပ်ငန်းရှင်(၁၈)ဦးရှိကြောင်း သိရှိရသည်။

ပပ(ပြန်/ဆက်)