ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ရှင်းလင်း ဟောပြောပွဲပြုလုပ်

ဒဂုံအရှေ့ စက်တင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ထိုင်းနိုင်ငံ ဓမ္မကာယကျောင်းတော်ကြီးက ကြီးမှူးကျင်းပသော ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် အချက်အလက်များ ရှင်းလင်းဟောပြောခြင်း အခမ်းအနားကို မာဂဓီ(သာစည်) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် စက်တင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မာဂဓီ(သာစည်) ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ပဓာနနာယက ကျောင်းအုပ်ဆရာတော် အရှင်နေမိန္ဒ (သဒ္ဓမ္မဇောတိကဓဇ)က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ပြိုင်ပွဲကျင်းပရေး မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံဆရာမတစ်ဦးဖြစ်သူ ဒေါ်ဂျူစီလှအောင်(ဗုဒ္ဓတက္ကသိုလ် မဟာဝိဇ္ဇာတန်း) က ပြိုင်ပွဲကျင်းပရေး ရည်ရွယ်ချက်၊ ပြဋ္ဌာန်းစာများ၊ ဖြေဆိုပုံစံ၊ အမှတ်ပေးစနစ်၊ ဆုချီးမြှင့်မှုများအကြောင်းကို ရှင်းလင်း ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းဟောပြောခြင်းအခမ်းအနားသို့ မာဂဓီ(သာစည်) ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ပဓာနနာယကကျောင်းအုပ်ဆရာတော် အရှင်နေမိန္ဒ (သဒ္ဓမ္မဇောတိကဓဇ) အမှူးပြုသော ဆရာမများ၊ ယဉ်ကျေးလိမ္မာသင်တန်း ဆရာမများ၊ မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး နှင့် အမှုဆောင်ကော်မတီဝင်များ၊ ကျောင်း၌ ပညာသင်ယူနေကြသော ဆဋ္ဌမတန်း၊ သတ္တမတန်း ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

ဇွဲမင်းထက်(ပြန်/ဆက်)