တကောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်

တကောင်း  စက်တင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) တို့ပူးပေါင်း၍  “လူငယ်နှင့် ဘဝရည်မှန်း ချက်ပန်းတိုင်”စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းကို  စက်တင်ဘာ၂၂ရက်နေ့ မွန်းလွှဲပိုင်းက လူထုအခြေပြု ဗဟိုဌာန( Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက ကျောင်းသား လူငယ်များအနေဖြင့် စာဖတ်သည့် အလေ့အကျင့်များရရှိစေရန်၊ မိမိတို့ဖတ်ရှု့လေ့လာထားသည့် စာပေများအား ပြန်လည်မျှဝေတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်စသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မောင်လှိုင်မိုးခန့် မှ စာရေးဆရာ သရဝဏ်(ပြည်)ရေးသား သည့် “လူငယ်နှင့် ဘဝရည်မှန်းချက်ပန်းတိုင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ထူးထက်အောင်မှ စာရေးဆရာ ညီမင်းညို ရေးသားသည့် “လူငယ်နှင့် စာပေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မချမ်းမြေ့သူမှ  စာရေးဆရာ ဦးဘုန်း(ဓာတု) ရေးသားသည့် “လက်အလှပြိုင်ပွဲ” ခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီး ဆွေးနွေးပြောကြားခဲ့ကြပြီး တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။

မြို့နယ်(ပြန်/ဆက်)