မိုင်းရှူးမြို့နယ်တွင် (Mobile Library) စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

မိုင်းရှူး စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (Mobile Library) စနစ်ဖြင့် စာအုပ်/စာစောင်များ ငှားရမ်း‌ပေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ငှားရမ်း‌ပေးခဲ့သည်။

ယင်းသို့ စာအုပ်/စာစောင်များငှားရမ်းပေးရာတွင် စာကြည့်တိုက်သို့ကိုယ်တိုင် မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များ စာပေဖတ်ရှုနိုင်ရန်ရည်ရွယ်၍ သုတ/ရသများ၊ မဂ္ဂဇင်းများနှင့် ဝတ္ထုစာအုပ်များ ငှားရမ်းပေးပြီး အပတ်စဉ်စာအုပ်အသစ်များသွားရောက် လဲလှယ်ငှားရမ်း ပေးလျက်ရှိကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)