ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများဆိုင်ရာ အသိပညာပေးဟောပြောပွဲသန်လျင်၌ ကျင်းပ

သန်လျင် စက်တင်ဘာ ၂၂

ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီတွင်သန်လျင်မြို့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦး အာကာထွန်းက အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ခေတ္တသန်လျင်မြို့နယ် ပညာရေးမှူး ဦးအုန်းကျော်က အလယ်တန်းဆင့် Grade 9 ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာများ၊ စက်မှု၊ စိုပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အတတ်ပညာများ သင်ကြားလေ့ကျင့်ပေးမည့် ကိစ္စများအား အသေးစိတ်ရှင်းလင်းဆွေးနွေးသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများတက်ရောက်ကြသည်။ အခြေခံပညာအလယ်တန်းဆင့် Grade 9 အောင်မြင်ပြီးသော ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၄၂၀၂၅ပညာသင်နှစ်တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးတွဲဘက်သင်ကြားပေးမည့် အခြေခံပညာအထက်တန်းကျောင်းကို သန်လျင်မြို့နယ် ဖားကူးကျေးရွာ အ.ထ.ကတွင် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်ဆက်)