ပေါက်တော စက်တင်ဘာ ၂၂
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးက နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို အထူးဂရုပြုဆောင်ရွက်ကြရန်၊ မိမိတို့ရုံးလုံခြုံရေးကိုလည်း အထူးဂရုပြုကြရန်၊ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် မြို့နယ်အတွင်း ပျက်စီးမှုအခြေအနေများ (၈၀%) ပြီးစီးပြီ ဖြစ်သဖြင့် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ပေါက်တောမြို့နယ်အတွင်း အခြေခံ စားသောက်ကုန်ပစ္စည်းများ စျေးတင်ရောင်းချခြင်း ရှိ/မရှိကို ကော်မတီဝင်များအနေဖြင့် ကွင်းဆင်းဆောင်ရွက်ရန်ကိစ္စရပ်များ၊ မိမိတို့ရုံးအဆောက်အအုံအတွင်းအပြင် သန့်ရှင်းသာယာလှပရေးနှင့် ရုံးဥပဓိရုပ်ကောင်းမွန်စေရေး ဆောင်ရွက်ထားရှိကြရန်၊ စိုက်ပျိုးရေးကဏ္ဍများ၊ မြို့နယ်လူမှုအကျိုးပြုဆောင်ရွက်ရေး ကိစ္စရပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများအနေဖြင့် မိမိတို့ ဌာနလုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြပေးကြရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက လက်ရှိလုပ်ငန်း ဆောင်ရွက်နေမှုများ၊ လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)