ကျောက်တန်းမြို့နယ်၊ ကန်ပြောင်ကျေးရွာတွင် ကျေးလက်စီးပွားရေးမြင့်မားစေရေးရန်ပုံငွေ (CBR) ချေးငွေများထုတ်ချေးပေး

ကျောက်တန်း စက်တင်ဘာ၂၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးတိရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့​ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း (Smart Village) ၏ လုပ်ငန်းစဥ် (၆) ရပ်မှ လုပ်ငန်းစဥ် (၃) ဖြစ်သည့် အသက်မွေးဝမ်းကျောင်းနှင့် ကျေးရွာစီးပွားရေးမြင့်မားစေခြင်းကဏ္ဍတွင် ပါဝင်သည့် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း (Rural Business Fund) ကို ကန်ပြောင်ကျေးရွာအုပ်စု၊ ကန်ပြောင်ကျေးရွာတွင် အသက်မွေးဝမ်းကျောင်းအဖွဲ့ (၄) ဖွဲ့ ဖွဲ့စည်း၍တစ်ဖွဲ့လျှင် (၅) ဦးနှုန်းဖြင့် CP အသားတိုးဝက်မွေးမြူခြင်း လုပ်ငန်းဆောင်ရွက်နေသူ စုစုပေါင်း ၂၀ ဦးသို့ တတိယအကြိမ်ချေးငွေကျပ် (၃၀၀၀၀၀၀၀/-) (ကျပ်သိန်းသုံးရာတိတိ) ကို စက်တင်ဘာ ၂၀ ရက်နေ့တွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း လုပ်ငန်းအကောင်အထည်ဖော် လက်စွဲစာစောင်ပါညွှန်ကြားချက်များနှင့်အညီ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်နှင့် ဝန်ထမ်းများမှကြီးကြပ်၍ သွားရောက်ထုတ်ချေးပေးခဲ့ပါသည်။

ကျောက်တန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်စီးပွားမြှင့်တင်ရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းအား နိုင်ငံတော်မှ မတည်ငွေကျပ်သိန်း (၃၀၀) ဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှစတင်၍ ကန်ပြောင်ကျေးရွာအုပ်စု ကန်ပြောင်ကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် သြဂုတ်အထိ စက်ဝန်းနှစ်ခုဆောင်ရွက်ခဲ့ပြီး အတိုးရငွေကျပ် (၁.၃၆၅၁၂) သန်းရရှိထားပြီး ယင်းအတိုးငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ထုတ်ချေးထားသော မတည်ရန်ပုံငွေဖြင့် ကျေးရွာနေပြည်သူများ ငွေကြေးအရင်းအနှီးရရှိကာ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။

မြို့နယ် (ပြန်ဆက်)