ဟိုပန်မြို့ စံပြကျေးရွာတွင်နေထိုင်သော ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်

ဟိုပန် စက်တင်ဘာ ၂၂

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်နွေမိုးအေး၊ ခရိုင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ဟိုပန်မြို့၊ စံပြကျေးရွာတွင်နေထိုင်သော ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစကလေးငယ်များအား အဟာရရှိသော အစားအစာနှင့် ငွေကြေးများ လိုက်လံထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ထိုသို့ အိမ်တိုင်ရာရောက် ထောက်ပံ့ငွေ လိုက်လံပေးအပ်စဉ် ကျေးရွာတွင်းရှိ နေအိမ်များတွင် သန့်စင်ခန်းအသုံးပြုမှု၊ သုံးစွဲသော ရေများကို သန့်စင်အောင် ရေစစ်ဖြင့် အသုံးပြုပုံ
များကို လိုက်လံကြည့်ရူပြီး သန့်ရှင်းစွာနေထိုင်ရန်မှာကြားပါသည်။ မွေးကင်းစကလေးငယ် (၆) ဦး၊ ကိုယ်ဝန်ဆောင် မိခင်များ (၁၀) ဦး၊ စုစုပေါင်း (၁၆) ဦးအတွက် တစ်ဦးကို (၄၅၀၀၀)ကျပ်ဖြင့် ငွေကြေးထောက်ပံ့ပေးအပ်ပြီး အဟာရရှိသော အစားအစာများကို ပေးအပ်ခဲ့ပါသည်။

ထို့နောက်"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်နွေမိုးအေးက နိုင်ငံတော်မှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစကလေးငယ်
များအား ထောက်ပံ့ငွေပေးအပ်ခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး ‌ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစကလေးရှိသော မိခင်များအား ကျန်းမာရေးဂရုစိုက်ကြရန်၊ မိမိကလေးငယ်များကို လမ်းသွားလမ်းလာအထူး ဂရုစိုက်ကြရန်၊ အကူညီလိုအပ်လျှင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် ဆက်သွယ် ဆောင်ရွက်သွားရန် ပြောကြားခဲ့ပါသည်။

ခရိုင်ပြန်/ဆက်