ကျောက်မဲခရိုင် အမျိုးသမီးအားကစားကော်မတီဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း အေရိုးဗစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ

ကျောက်မဲ စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ် ၁ ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ကျောက်မဲခရိုင် အမျိုးသမီးအားကစားကော်မတီဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်မှု အေရိုးဗစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ကျောက်မဲခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပခဲ့ပြီး ကျောက်မဲခရိုင်အတွင်းရှိ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ နမ့်ဆန်မြို့နယ်များမှ အေရိုးဗစ်အသင်းများက တစ်ဦးချင်း၊ ၃ ယောက်တွဲ၊ ၉ ယောက်တွဲ စသည့် ပုံစံများဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲများတွင် တံခွန်စိုက်ဒိုင်းကို သီပေါမြို့နယ်၊ ဒုတိယဆုကို နမ့်ဆန်မြို့နယ်၊ တတိယဆုကို ကျောက်မဲမြို့နယ်မှ အသီးသီးရရှိခဲ့ပြီး အဆိုပါဆုများနှင့် အခြားထူးချွန်ဆုများကို ကျောက်မဲခရိုင် အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ခင်သူဇာညွှန့်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)