မန်တုံမြို့နယ်တွင် ပြည်နယ်ဝန်ကြီးချုပ် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အောင်ချမ်းသာ မန်တောက်ကျောင်း၌ ဆန်အိတ်(၂၀၀)ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

မန်တုံ စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင် ပြည်နယ်ဝန်ကြီးချုပ် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အောင်ချမ်းသာမန်တောက်(ဘက)ကျောင်းသို့ ဆန်အိတ်(၂၀၀) ဆက်ကပ် လှူဒါန်းပွဲကို ယမန်နေ့နံနက်(၉:၃၀)နာရီအချိန်က အောင်ချမ်းသာမန်တောက်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက နမေတဿ()ကြိမ်ရွတ်ဆိုပြီး အခမ်းအနားဖွင့်လှစ်ခြင်း၊ သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး တက်ရောက်လာသော ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်၊ အမှတ်(၁၀၁၁)ရှေ့တန်း နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ရာဇာထွန်း၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းသိန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး မြင့်အောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိ၊မြို့ဖ၊ ရပ်မိ၊ ရပ်ဖများက ပြည်နယ်ဝန်ကြီးချုပ် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းထားသော ဆန်အိတ်(၂၀၀)အား ဆက်ကပ်လှူဒါန်းပြီး  တရားနာယူခြင်း လှူဒါန်းမှုအစုစုကို ရေစက်သွန်းချအမျှပေးဝေခြင်းများ ဆောင်ရွက်ပြီး သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက ဗုဒ္ဓသာသနံစီရံတိဌတု(၃)ကြိမ်ရွက်ဆို၍ အခမ်းအနား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

မန်တုံ(ပြန်/ဆက်)