ကျောက်ပန်းတောင်းမြို့နယ် မိုးရွာသွန်းမှုကောင်းခြင်းနှင့်အတူ ပဲစင်းငုံစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်း

ညောင်ဦး  စက်တင်ဘာ  ၂၂

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ ကြဲပက်စိုက်ပျိုးထားသည့် ပဲစင်းငုံစိုက်ခင်းများ မိုးရွာသွန်းမှုကောင်းခြင်းနှင့်အတူ ပဲစင်း ငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကာ ပဲစင်းငုံ စိုက်ခင်းများ အပင်များသန်မာထွား ကျိုင်းနေကာ ပဲစင်းငုံစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်နေကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ပဲစင်းငုံစိုက်တောင်သူများသည် ပဲစင်ငုံစိုက် ပျိုးခြင်းအား ကဆုန်လ၊ နယုန်လတို့တွင် မိုးဦးမိုးရွာသွန်းချိန် နှမ်းများ ကြဲပက်စိုက်ပျိုးချိန်နှင့်အတူ ပဲစင်ငုံအား ရောကာ ကြဲပက်စိုက်ပျိုးထားခဲ့ကြောင်း သိရသည်။ နှမ်းများ နှုတ်သိမ်းချိန်ဖြစ်သည့် ဝါဆိုလပြည့်ကျော်၊ ဝါခေါင်လဆန်း နှမ်းနှုတ်သိမ်းပြီးချိန် မိုးရွာသွန်းပါက နှမ်းနှင့်အတူ ကြဲပက်စိုက်ပျိုးခဲ့သည့် ပဲစင်းငုံများ မြေဆွပေးသကဲ့သို့ဖြစ်ကာ ပဲစင်းငုံအပင်များ ကောင်းလာပြီး အပင်တက်အားကောင်းလာကြောင်း ပဲစင်းငုံ စိုက်တောင်သူဦးညိုမင်းက ရှင်းပြသည်။

ပဲစင်းငုံအပင်သက်တမ်းသည် ရှစ်လ၊ ခုနှစ်လကျော် ကြာမြင့်ပြီး အဖူး၊ အပွင့်ပွင့်ချိန်သည် တော်သလင်းလ၊ သတင်းကျွတ်လတွင်ပွင့်ကြောင်း အပွင့်ပွင့်ချိန် မိုးသည်းရိုက် မိုးရွာသွန်းမှု များပါက အသီးသီးနှုန်း လျော့နည်းသွားနိုင်ကြောင်း အပွင့်ပွင့်ချိန် မိုးမရွာပါက ပဲစင်ငုံရဖို့သေချာကြောင်း သိရသည်။ ပဲစင်းငုံ ခုတ်သိမ်းချိန်သည် ပြာသိုလ၊ တပိုတွဲလတို့တွင် ခုတ်သိမ်းလေ့ရှိပြီး ခုတ်ထားသည့် ပဲစင်ငုံကိုင်းများ လက်တစ်နိုင်စာကိုင်ပြီး ပဲစင်ငုံ ခါစင် (ပီပါ၊ အမာခုံ) ခံကာ ရိုက်ချပြီး အစေ့သပ်သပ်၊ ပဲရိုင်း၊ ပဲမှော်သပ်သပ် ခွဲခြားကာ ပဲစင်း ငုံသိမ်းခြင်းပြီးကြောင်း သိရသည်။

ပဲစင်းငုံပေါ်ချိန် ဈေးကောင်းရရန် တောင်သူများ မျှော်လင့်နေကြကာ မနှစ်က ပဲစင်းငုံ ပေါ်ခါစ တစ်တင်းလျှင် ၂၂၀၀၀ ကျပ် ရောင်းချခဲ့ရကြောင်း သိရသည်။

ဒီပါလင်း