ရပ်စောက်၌ ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရပ်စောက် စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့၌ ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ယမ်းတွင်းငကြောင်း ကျေးရွာအုပ်စု၊ ပိန္နဲပင်(ရွာသစ်) ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပသည်။

ရှေးဦးစွာ ရပ်စောက်မြို့နယ် စီမံအုပ်ချုပ်ရေးမှူးဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနိုင်က  နိုင်ငံတော်အစိုးရမှ ကျေးရွာမြေငှားဂရန်ထုတ်ပေးရေးစီမံချက်အရ ရပ်စောက်မြို့နယ် ယမ်းတွင်းငကြောင်ကျေးရွာအုပ်စုကျေးရွာအုပ်စု၊ ပိန္နဲပင်(ရွာသစ်)ကျေးရွာသို့ မြေငှားဂရန်ထုတ်ပေးရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးချမ်းမြတ်အေးကျော်တို့က ပိန္နဲပင်(ရွာသစ်)ကျေးရွာ မြေငှားဂရန် ၅၀ ခုအား အိမ်ခြံမြေပိုင်ရှင်များထံသို့ ပေးအပ်ခဲ့ကြပြီး ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ကျေးရွာသူကျေးရွာသားများကိုယ်စား ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဆုမွန်