မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးကျန်းမာရေး အမေးအဖြေ ဆွေးနွေးပွဲဆောင်ရွက်

မိုင်းလုံ စက်တင်ဘာ ၂၂

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန   (Community  Centre)  ခန်းမ တွင် (Book Club) အသင်းနှင့်လူငယ်များက စာရေးဆရာ ဒေါက်တာစောဝင်း (ကလေးကျန်းမာရေး)မှ ရေးသားသော “ကလေးကျန်းမာရေး အမေးအ‌ဖြေ” စာအုပ်ဖြင့်  ဆွေးနွေးပွဲကို ယ‌နေ့ နံနက် (၁၀) နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်စုစုဝင်းက ယခုကျန်းမာ‌ရေးဆွေးနွေးပွဲမှ လူငယ်များအား ကျန်းမာရေးအသိများ ရရှိစေရန်၊ လူငယ်များ၏ သိသင့်သိထိုက်‌သော ကျန်းမာရေးဗဟုသုတများကို ပေးစွမ်းနိုင်‌သောကြောင့် ဆွေးနွေးပွဲကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှေ့ဦးစွာ‌‌ပြောကြားပြီးနောက် (Book Club) အဖွဲ့ဝင် ဦးစောနောင်က ယခုရာသီသည် မိုးရာသီဖြစ်သောကြောင့် ကျန်းမာရေးနှင့်အညီ နေထိုင်တက်စေရန် ဆွေးနွေးခြင်း၊  နန်းမိမိထွန်းမှ  “မိုးရာသီနှင့်သွေးလွန်တုပ်‌‌ကွေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာမှ အခြားကလေးငယ်များသည်လည်း မိမိတို့သိသော အကြောင်းအရာ များကို အပြန်အလှန်ဆွေးနွေးပြီး  လိုအပ်သောဆွေးနွေးချက်များကို ဖြည့်စွက်ဆွေးနွေးရာမှ လူငယ်များက မိမိတို့သိလိုသည့် အကြောင်းများကို မေးမြန်းရာ မြို့ဦးစီးမှူး ဒေါ်စုစုဝင်းနှင့် ဦးစောနောင်တို့က ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)