ကျိုင်းတုံ စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဒေသခံအာခါရိုးရာတိုင်းရင်းဆေးဆရာများနှင့် ဆွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၀ ရက်က ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနရုံးတွင် ကျင်းပသည်။
ထိုသို့ တွေ့ဆုံပွဲတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ အဖွဲ့ဝင်(၂)ဦးမင်းညိုက အမှာစကြားပြောကြားပြီး ခရိုင်၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကျိုင်းတုံမြို့ (၂၅)ခုတင်ဆံဆေးရုံတာဝန်ရှိသူများ၊ အာခါရိုးရာတိုင်းရင်းဆေးဆရာများနှင့် ဖိတ်ကြားထားသူများတွေ့ဆုံ၍ ဒေသခံ အာခါရိုးရာတိုင်းရင်းဆေးဆရာများ၏ ရိုးရာဆေးပညာရပ်များ၊ အားခါရိုးရာကုထုံးနည်းစနစ်များကို လေ့လာသိရှိပြီး စနစ်တကျဖွံ့ဖြိုးတိုးတက်လာစေအတွက် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အာခါ ရိုးရာတိုင်းရင်းဆေးဆရာများက ကျိုင်းတုံမြို့ (၂၅)ခုတင်ဆံဆေးရုံအား သွားရောက်လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)