မိုင်းယန်းမြို့၌ အငြိမ်းစားဝန်ထမ်းပင်စင်လစာငွေများ ထုတ်ပေး

မိုင်းယန်း စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများအား ယမန်နေ့နံနက်ပိုင်းကစတင်၍ အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရန်အတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

မိုင်းယန်းမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်းအဖြစ် ပင်စင်လစာငွေရရှိသူ စုစုပေါင်း(၄၈)ဦးရှိပြီး  ပင်စင်လစာငွေများထုတ်ပေးခြင်းများကို ဘဏ်ဖွင့်ရက်များ၊ ဘဏ်လုပ်ငန်းဆောင်ရွက်ချိန်များအတွင်း၌  တာဝန်ရှိဘဏ်ဝန်ထမ်းများမှ အဆင်ပြေချောမွေ့စွာထုတ်ယူနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းထူး