လောက်ကိုင် စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်ဒေသအတွင်း အမျိုးသမီးများ၌ စတုတ္ထမြောက်ဖြစ်ပွားမှုများပြီး အသက်ဆုံးရှုံးမှုများသည့်ရောဂါဖြစ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်နိုင်ရန် ရည်ရွယ်၍ မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အသက်(၉)နှစ်မှ(၁၂)နှစ်မကျော်သော အမျိုးသမီးငယ်များအား စက်တင်ဘာ ၂၀ ရက်နေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြည်သူ့ဆေးရုံနှင့် အခြေခံပညာကျောင်းများတွင် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV)ထိုးနှံနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် မြို့နယ်မိခင်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အသက်(၉)နှစ်မှ (၁၂)အတွင်းရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံရာတွင် လောက်ကိုင်မြို့ အမှတ်(၂)ရပ်ကွက် ပြည်သူ့ကျန်းမာရေးဆေးရုံ၌(၁၄၄)ဦး၊ ချင်းရွှေဟော်မြို့ ပြည်သူ့ဆေးရုံ၌(၆၃)ဦး၊ ရွှေယင်စီးကျေးရွာအုပ်စု၊ ပါစင်ကျော်ကျေးလက်ကျန်းမာရေးဌာန၌ (၉၁)ဦး၊ တာရွှေထန်ကျေးရွာအုပ်စု၊ တာရွှေထန်ကျေးလက်ကျန်းမာရေးဌာန၌ (၉၁)ဦး၊ စုစုပေါင်း(၃၈၉)ဦးတို့အား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးသည့် နေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ ဦးဆောင်၍ ပြည်သူ့ဆေးရုံမှဆေးရုံအုပ်ကြီး ဒေါက်တာဇော်ထွန်ငြိမ်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဦးအောင်ကျော်၊ ကျေးလက်ကျန်းမာရေးဌာနမှ ဆရာ/ဆရာမများ၊မြို့နယ်အမျိုးသမီးရေးရာ/ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ညိုညိုစန်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ချန်ထွန်းအောင်