စမ်ချောင်းမြို့နယ် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံရာသို့ ရန်ကုန်တိုင်း‌ဒေသကြီးဝန်ကြီးချုပ်၏ဇနီး လာရောက်ကြည့်ရှုအားပေး

စမ်းချောင်း စက်တင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောတောင်ရပ်ကွက်၊ မဟာမြိုင်လမ်း၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင်  ယမန်နေ့၊   နံနက် () နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ ရန်ကုန်တိုင်း‌ဒေသကြီး ဝန်ကြီးချုပ်၏ဇနီး လာရောက်ကြည့်ရှုအားပေးကြောင်း သိရသည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ ရန်ကုန်တိုင်းအမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်မော်မော်သန်း နှင့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဌေးလွင်၊ ရန်ကုန်တိုင်းပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိမွန်၊ အလုံခရိုင် ခေတ္တအုပ်ချုပ်ရေးမှူး ဒေါ်ဌေးဌေးဝင်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များဖြင့် ကျွန်းတောတောင်ရပ်ကွက်၊ မဟာမြိုင်လမ်း၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင်  ကျောင်းသူစုစုပေါင်း (၁၃၅) ဦးတို့ကို သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အားဖြည့်အာဟာရမုန့်များ  ဝေငှပေးကြောင်းသိရသည်။

နီလာစိုး