မိုင်းရယ်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV)ထိုးနှံခြင်း အခမ်းအနားကျင်းပ

မိုင်းရယ် စက်တင်ဘာ ၂၂

မိုင်းရယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီရိထွန်း ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပါဝင်သည့်အဖွဲ့သည် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သည့် ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV) ထိုးနှံခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ ပြုလုပ်သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံနေမှုအခြေအနေကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဒုတိယပညာရေးမှူးနှင့် ဆရာ/မများက အားပေးကြည့်ရှုခဲ့ကြသည်။

ယနေ့တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV)ကို အခြေခံပညာအထက်တန်းကျောင်းမှ အခြေခံပညာမူလတန်းအဆင့်ကျောင်းသူ(၂၁)ဦးကို ထိုးနှံပေးနိုင်ခဲ့သည်။ အခြေခံပညာအထက်တန်းကျောင်းမှ ကာကွယ်ဆေးထိုးနှံပြီးစီးသူ ကျောင်းသူစုစုပေါင်း(၆၈)ဦးရှိပြီး ကျန်ကျောင်းများတွင်လည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)