ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လင်းလက်ကြယ်စင်ဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း၍ အခမ်းအနားမှူး သင်တန်းဖွင့်လှစ်

ပြင်ဦးလွင် စက်တင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လင်းလက်ကြယ်စင်ဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူ များ၏ ပြင်ပဗဟုသုတ ၊ အတတ်ပညာရပ်များ တိုးတက်ရရှိရန်နှင့် အခမ်းအနားမှူးတစ်ဦးအဖြစ် ဆောင်ရွက်ရာတွင် မဖြစ်မနေသိထားသင့်သည့် ဆောင်ရန်/ ရှောင်ရန်များကို သိရှိစေရန် ရည်ရွယ်၍ အခမ်းအနားမှူးသင်တန်းကို ယမန်နေ့မွန်းလွဲ (၁၃) နာရီအချိန်စတင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားမှူး သင်တန်းတွင် သင်တန်းနည်းပြများအဖြစ် ဆောင်ရွက်မည့် ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်နှင့် ပြင်ဦးလွင်မြို့နယ် သတင်းစာဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်အေဇင်မေတို့က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ဦးစွာ ရှင်းလင်းပြောကြားပြီး အခမ်းအနားမှူးတစ်ဦး အနေဖြင့် ရှိထားရမည့် အရည်အချင်း၊ အခမ်းအနားတစ်ခု ကြိုတင်ပြင်ဆင်ဆောင်ရွက်ရာတွင် လိုက်နာရမည့် ဆောင်ရန်/ရှောင်ရန်အချက်များ၊ အခမ်းအနားမှူးတစ်ဦး လေ့လာသိရှိထားရမည့် အခမ်းအနားအမျိုးအစားများ၊ စကားပြောရာတွင် လေယူလေသိမ်းမှန်ကန်စေရေးနှင့် မိုက်ခရိုဖုန်း အသုံးပြုရာတွင် ဂရုပြုရမည့် အချက်များ၊ အခမ်းအနား အစီအစဉ်ရေးဆွဲခြင်းဆိုင်ရာများကို စာတွေ့/ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားမှူးသင်တန်းကို လင်းလက်ကြယ်စင်ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၄၀) ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ (၂၁-၉-၂၀၂၃) ရက်နေ့မှ (၂၃-၉-၂၀၂၃)ရက်နေ့အထိ (၃)ရက်တာ သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

ဖြူလူသစ်( ပြန်/ဆက်)