နောင်ချို စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့နံနက် ၈နာရီအချိန်မှ စတင်၍ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် စက်တင်ဘာလအတွက် အငြိမ်းစားပင်စင်လစာငွေများကို ထုတ်ပေးရာတွင် စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီအတွင်း ဘဏ်ဖွင့်ရက်များတွင် သတ်မှတ်ထားသည့် နေ့ရက်များအလိုက်ထုတ်ပေးလျက်ရှိကြောင်း၊ အဆိုပါရက်များတွင်လာရောက် ထုတ်ယူနိုင်ခြင်းမရှိပါက အောက်တိုဘာလဆန်းပိုင်းတွင် ထပ်မံထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်းနှင့် နောင်ချိုမြို့နယ်တွင် အငြိမ်းစားပင်စင်လစာငွေ ထုတ်ယူသူ(၁၅၀၀)ဦးရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)