နမ္မတူမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများအား စတင်ထုတ်ပေး

နမ္မတူ စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့နံနက် (၈)နာရီအချိန်မှ စတင်ကာထုတ်ပေးလျက်ရှိကြောင်း နမ္မတူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

နမ္မတူမြို့နယ်တွင် ပင်စင်စားအငြိမ်းစားနိုင်ငံ့ဝန်ထမ်း စုစုပေါင်း(၃၆၉)ဦးရှိပြီး မြန်မာ့စီးပွားရေးဘဏ်မှ လစဉ်(၂၁)ရက်နေ့မှ လကုန်ရက်အထိ ရုံးဖွင့်ရက်တိုင်းပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း အကြောင်းအမျိုးမျိုးမျိုးကြောင့် ပင်စင်လစာလာရောက် မထုတ်ယူနိုင်သည့် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား နောက်လလဆန်းပိုင်းမှစ၍ ရုံးဖွင့်ရက်တိုင်း ပင်စင်လစာများထုတ်ယူခွင့်ပြုကြောင်း နမ္မတူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်မန်နေဂျာ ဒေါ်လင်းလင်းလက်ထံက သိရသည်။

လူမော် (ပြန်/ဆက်)