မန်ကန် စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ်တွင် လူငယ်များအသိပညာတိုးပွားရေး၊ နိုင်ငံတော်တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာများအပြင် ပြင်ပစာပေများကို လေ့လာကြည့်ရှု၍ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး စာအုပ်ပြပွဲကို စက်တင်ဘာလ ၂၀ ရက်နေ့ မန်ကန်မြို့၊ အခြေခံပညာမူလတန်းလွန်းကျောင်း(မန်ပန်)တွင် သွားရောက်ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မန်ကန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ခိုင်ငြိမ်း သင်း(တာဝန်ခံ)က ကျောင်းသား၊ ကျောင်းသူများ အသိပညာတိုးပွာရေးအတွက် နယ်လှည့်၍ အထွေထွေ ဗဟုသုတစာအုပ်များ၊ သင်ထောက်ကူစာအုပ်များ၊ ပုံပြင်စာအုပ်များ၊ ရုပ်ပြစာအုပ်များ၊ မွေးမြူရေးဆိုင်ရာ စာအုပ်များ၊ စိုက်ပျိုးရေးဆိုင်ရာစာအုပ်များ၊ ယဉ်ကျေးလိမ္မာစာအုပ်များ၊ ပြည်သူ့နီတိစာအုပ်များ၊ တိုင်းရင်းသားလုမျိုးများ၏ ရိုးရာစာအုပ်များ၊ တိုင်းပြည်နယ်နှင့် လူမျိုးအား ချစ်မြတ်နိုးစေမည့် စာအုပ်များကို ပြသခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ငှားရမ်းပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေးကပ်(ပြန်/ဆက်)