ကျောက်မဲ စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင် ဝန်ထမ်းများက ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝန်ထမ်းများ၏ လုပ်ရည်ကိုင်ရည်များ ပိုမိုတိုးတက်လာစေရန်ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် ဆိုင်ရာစံတန်ဖိုးများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းရည်က နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုး သတ်မှတ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ဝန်ထမ်းများကလည်း ပြည်သူဗဟိုပြု နိုင်ငံ့ဝန်ထမ်းများ ဖြစ်လာစေရန် ကတိကဝတ်ပြုခြင်းများကို အသီးသီး ဖတ်ကြားပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ဆွေးနွေးပွဲနှင့် စာဖတ်ဝိုင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ရုံးဝန်ထမ်းများက တစ်လလျှင် နှစ်ကြိမ်နှုန်း လစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)