ရွာငံ စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးနှင့် လူကုန်ကူးမှုအသိပညာပေး နံရံကပ်စာစောင် ပြသခြင်းကို ယမန်နေ့နေ့လည်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ နံရံကပ်ပြဘုတ်များတွင် ပြသထားရှိကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လူငယ် အသိပညာပေးအနေဖြင့် အသက်မပြည့်သည့် ကလေးများအား မတရားစေခိုင်းခြင်းမှ ကင်းဝေးစေရန်နှင့် လူကုန်ကူးမှုအန္တရာယ်မှ ကင်းဝေစေရေးများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်ရည်ရွယ်၍ ပြသထားရာ ပြည်သူများမှ စိတ်ဝင်တစားဖြင့် လာရောက်လေ့လာ ကြည့်ရှုကြကြောင်း သိရသည်။
ပြည့်ဖြိုးသန့်