ရမည်းသင်း စက်တင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်အဆင့်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု၊ အဆို၊ အက၊အရေး၊အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ရမည်းသင်းမြို့ သီလဝခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးဇော်မျိုးထက်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မင်းဟန်၊ ခရိုင်လဝကဦးစီးမှူး ဦးစိုးမြင့်နှင့်ဦးစံထွန်းတိုများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးခရိုင်ပြိုင်ပွဲကျင်းပရေးကော်မတီ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမြင့်ထွန်းက အဖွင့်အမှာ စကား ပြောကြားရာ တွင် မြန်မာ့အနုသုခုမပညာကို ထိန်းသိမ်းသောအားဖြင့် နိုင်ငံတော်မှ ယခုပြိုင်ပွဲကို ဦးတည်ချက် (၄)ရပ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊၂၀၂၃ခုနှစ်၊(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး ရည်ရွယ်ချက်ဖြင့် ကျင်းပလျက်ရှိရာပြိုင်ပွဲဝင်များအားလုံး ခရိုင်အဆင့်ကနေ ဗဟိုအဆင့်အထိ ဝင်ရောက်ယှဉ်ပြိုင်ပြီး ရွှေတံဆိပ်ဆုဆွတ်ခူးနိုင်ရေးအတွက် အဖက်ဖက် မှ ကူညီပံ့ပိုး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ရမည်းသင်းမြို့၊အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "ဇာတိမာန်"သီချင်းဖြင့်ဂုဏ်ပြု ဖျော်ဖြေခဲ့ကြပြီး ပျော်ဘွယ်မြို့၊ ဂီတအစည်းအရုံး ဘဏ္ဍာရေးမှူး ဒေါ်ဆွေဆွေအောင်မှ မြန်မာသံဇဉ်ဖြင့်ဧည့်ခံဖျော်ဖြေခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ရမည်းသင်း ခရိုင်အဆင့် (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု၊ အဆို ၊ အက ၊ အရေး၊ အတီးပြိုင်ပွဲကို ကျင်းပရာအသက်အပိုင်း အခြားအလိုက် မဟာဂီတ၊ ခေတ်ဟောင်း တေး/ကာလပေါ်၊ အက၊ အတီးပြိုင်ပွဲ စုစုပေါင်း( ၄၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီးဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ အသက်အပိုင်း အခြားအလိုက် မဟာဂီတ၊ ခေတ်ဟောင်းတေး/ကာလပေါ် ၊ အက၊ အတီး ပြိုင်ပွဲဝင် ဆုရရှိသူတို့အား ဂုဏ်ပြုကတ်ပြား၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုများ ချီးမြှင့်ပေးအပ်သည်။ ခရိုင်အဆင့်တွင် ပထမဆုရရှိသူများအား တိုင်းအဆင့်တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ဝင်းအောင်