သာစည် စက်တင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် လှိုင်းတက်ကျေးရွာအုပ်စု အခြေခံပညာအထက်တန်းကျောင်း မယ်ဇလီကန်၌သဇင် ကျောင်း ဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ ကျောင်းဆောင်သစ်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင် ဦးစိုးဝင်းအောင်၊ တာဝန်ခံမြို့နယ်ပညာရေးမှူးဒေါ်ဝါဝါကျော်၊ ကျောင်းအုပ်ဆရာမကြီးဒေါ်စုစုလှိုင်နှင့် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသောင်းတို့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ကျောင်းဆိုင်းဘုတ်အား ဒုတိယမြို့နယ် ပညာရေးမှူးဦးတင့်ဘော်က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ဆိုင်းဘုတ်အားအမွှေးနံ့သာများ ပက်ဖျန်းပေးကြသည်။ ဆက်လက်ပြီး အခမ်းအနားကို ကျင်းပရာ ဆရာမများက ဒီချိန်ခါ သီချင်းဖြင့် ကပြဖျော်ဖြေ ဖွင့်လှစ်သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး တာဝန်ခံမြို့နယ်ပညာရေးမှူးက ပညာရေးနှင့်ပတ်သက်၍ သိကောင်းစရာများကို ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ တာဝန်ရှိသူများက ကျေးဇူးတင်စကားပြောကြားပြီး ဆရာ/မများနှင့်ကျောင်းသူလေးများက တေးသီချင်းဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
အဆိုပါကျောင်းဆောင်သစ်ကို ၂၀၂၂-၂၀၂၃ နှင့်၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပညာရေးဝန်ကြီးဌာနအခြေခံပညာဦးစီးဌာနငွေလုံးငွေရင်းရန်ပုံငွေဖြင့် အလျား ၁၄၀ ပေ၊အနံ ၃၀ ပေ RCC နှစ်ထပ်ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရပြီး အ.ထ.က မယ်ဇလီကန်ကျောင်း၌ ကျောင်းသား /သူ ၁၅၀၄ ဦး တက်ရောက်ပညာသင်ယူလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)