ကွမ်းခြံကုန်းမြို့နယ်တွင် သဘဝဘေးအန္တရာယ်လျော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေးအစီအစဥ်များဆောင်ရွက်

ကွမ်းခြံကုန်း စက်တင်ဘာ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မီးသတ်ဦးစီးဌာနက အ-ထ-က (၁) အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမတွင် သဘာဝဘေးအန္တရာယ်၊ မီးဘေးအသိပညာပေးဆွေးနွေးပွဲနှင့် ဇာတ်တိုက်လေ့ကျင့်မှုများကို ယမန်နေ့က ကျင်းပခဲ့ကြောင်းသိရသည်။

ရှေ့ဦးစွာ ကွမ်းခြံကုန်းမြို့နယ် မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးပြည့်ဖြိုးဟိန်းက သဘာဝဘေးအန္တရာယ်နှင့် သက်ဆိုင်သည့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ၊ ကြိုတင်ကာကွယ်မှုများ၊ ဖြစ်ပွားပြီးနောက် ဆောင်ရွက်ရမည့်အချက်များစသည့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် အကြောင်းအရာများအား ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ကွမ်းခြံကုန်းမြို့နယ် ဦးစီးအရာရှိ ဦးပြည့်ဖြိုးဟိန်းဦးဆောင်၍ သန္ဓေတပ်ဖွဲဝင်၊ အရန်မီးသတ်တပ်ဖွဲ့ဝင်နှင့် မုဒိတာပရဟိတ လူမှုကူညီရေးအသင်းတို့က  ကျောင်းသား၊ ကျောင်းသူများအား မီးသတ်ဆေးဘူးသုံးစွဲပုံ အဆင့်ဆင့်အားလက်တွေ့သရုပ်ပြသခဲ့ကြောင်းသိရသည်။

ဆွေနွယ် (ပြန်/ဆက်)