ညောင်ရွှေ စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ ၁၃၈၅-ခုနှစ်၊ အင်းလေးဖောင်တော်ဦးဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး ဒုတိယအကြိမ်အစည်းအဝေးကို ယမနမ်နေ့ မွန်းလွဲ (၁)နာရီခွဲက ညောင်ရွှေမြို့ ရတနာမာရ်အောင်ဘုရား အရှေ့ဘက်မုခ်၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အစည်းအဝေးတက်ရောက်လာသူများက နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အစည်းအဝေးကိုစတင်ဖွင့်လှစ်ကာ ပွဲတော်ကျင်းရေးနာယက ဦးစံမြက အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက ၁၃၈၅-ခုနှစ်၊ ညောင်ရွှေမြို့ သီတင်းကျွတ်ဖောင်တော်ဦးဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးတင်အောင်ကျော်က ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ဆပ်ကော်မတီအသီး သီးမှ တာဝန်ရှိသူများ မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပွဲတော်တာဝန်ရှိသူများက လိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ်၍ အထွေထွေကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ