ကျောက်တန်း စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်အတွက် ထူးချွန်းထက်မြက်သည့် အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ထူးချွန်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ပူးပေါင်းကျင်းပသော ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီတွင် ထူးချွန်ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ထူးချွန်ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးဦးတိုးဝင်းမှ အဖွင့်အမှာစကားပြောကြားကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးသန့်ဇင်ထွန်းမှ ကျပန်းစကားပြောပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ထူးချွန်အထက်တန်းကျောင်းဆရာမကြီးဒေါ်ခင်လေးနွယ်မှ ကျေးဇူးတင်စကားပြောကြားကာ ရန်ကုန်တိုင်းဒေသကြီးသတင်းစာဆရာအသင်း၊ တွဲဖက်ဘဏ္ဍာရေးမှူးဦးထွန်းရင်မှ ကျပန်းစကားပြောပြိုင်ပွဲနှင့်ပတ်သက်၍ အမှတ်ပေးစည်းမျဥ်းများကိုပြောကြားခဲ့သည်။
ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ထူးချွန်ကိုယ်ပိုင်အထက်တန်ကျောင်းမှ ကျောင်းသား/ကျောင်းသူ(၇)ဦးတို့က ချစ်မြတ်နိုးစရာ မြန်မာ့အနုပညာ၊ ယနေ့လူငယ်နောင်ဝယ်လူကြီး၊ အစဥ်ရှေးရှုမြန်မာ့ယဥ်ကျေးမှု၊ ကျန်းမာခြင်းသည့်လာဘ်တစ်ပါး၊ ပညာရဲရင့်ပွဲလယ်တင့်၊ အားကစားဖြင့်နိုင်ငံဂုဏ်ရည်မြှင့်တင်စို့၊ ပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့စသည့် ခေါင်းစဥ်ပါအကြောင်းအရာများဖြင့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အထူးဆု ရရှိခဲ့ကြသောကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးသန့်ဇင်ထွန်း ကျောင်းအုပ်ဆရာကြီးဦးတိုးဝင်းနှင့်တာဝန်ရှိများက ဂုဏ်ပြုဆုတံဆိပ်နှင့်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသောဓာတ်ပုံ၊ နံရံကပ်စာစောင်စာအုပ်ပြပွဲအားကြည့်ရှုခဲ့ကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ကျောက်တန်း ပြန်/ဆက်