ရမည်းသင်း စက်တင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က ရမည်းသင်းမြို့နယ် ထနောင်းကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ထနောင်းကုန်းအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်နွယ်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်သန္တာလင်းက ကျောင်းသားလူငယ်များ ဘက်စုံဖွံဖြိုးတိုး တက်စေရန်နှင့် ဉာဏ်ရည်ပြည့်ဝစေရန်၊လူငယ်စကားဝိုင်းမှ အသိပညာ၊ ဗဟုသုတများပိုမိုရရှိစေပြီး တစ်ဦးနှင့်တစ်ဦးအသိပညာများ ဖလှယ်ဆွေးနွေးခြင်းဖြင့် အတွေးအမြင်ကောင်းများရရှိကာ နှုတ်မှုစွမ်းရည်ပြည့်ဝလာစေရန်၊ လူ့စွမ်းအားအရင်းအမြစ်များတိုး တက်လာစေ ရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး လူငယ် စကားဝိုင်း ဆွေးနွေးပွဲကိုစတင်ခဲ့သည်။
ဆက်လက်၍ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိဒေါ်သန္တာလင်းက ဦးဆောင်ဆွေး နွေးသူအဖြစ်ဆောင်ရွက်ပြီး ထနောင်းကုန်း
အခြေခံပညာအထက်တန်းကျောင်း Grade-11 ကျောင်းသူ မယုယုဝင်းကလူငယ်နှင့် ယဉ်ကျေးမှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11ကျောင်း သားမောင်ပိုင်စိုးထက်က လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူမမေသက်ခိုင်က လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသား မောင်နေမင်းမြတ်က လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူမရတနာခင်က လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် လည်းကောင်းအသီးသီး ဦးဆောင်ဆွေးနွေးကြရာ တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့သည်။
ထို့နောက် ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့်ဓာတ်ပုံပြပွဲနှင့်အသိပညာ ပေးနံရံကပ် စာစောင်ပြပွဲ၊ စာအုပ်ပြပွဲများကိုကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
(ခရိုင်ပြန်/ဆက်၊ရမည်းသင်း)