ကြည့်မြင်တိုင် စက်တင်ဘာ ၂၁
၂၀၂၃- ၂၀၂၄ ပညာသင်နှစ် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးတွဲဖက်သင်ကြားမည့် အခြေခံပညာအထက်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု အသိပညာပေးဟောပြောဆွေးနွေးပွဲ အခမ်းအနားကို အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ မြဧရာခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အ.ထ.က (၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နန်းမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အ.ထ.က (၅) ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသီဦးက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး တွဲဖက်သင်ကြားမည့် အစီအစဥ်များ၊ သင်ကြားပါကရရှိလာမည့် အခွင့်အရေးများစသည့်တို့ကို ဟောပြောဆွေးနွေးခဲ့သည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ အလုံခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထားထားကြည်က ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ခိုင်ဇာလင်း