မိုင်းခုတ်မြို့၊ မိုင်းလုံး​ကျေးရွာအုပ်စုအတွင်း ကျောင်းအခြေပြုသားအိမ်ခေါင်းရောဂါကာကွယ်ဆေး(HPV) စတင်ထိုးနှံပေး

မိုင်းခုတ် စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မိုင်းလုံး​ကျေးရွာအုပ်စုအတွင်း ကျောင်းများအားလုံးကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က စတင်၍ ‌အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော အမျိုးသမီးငယ်ကျောင်းသူ (၄၂)ဦးအား ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံ‌ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျေးလက်ကျန်းမာရေးဆရာမ ဒေါ်​နှင်းယုလှိုင်ဦး​ဆောင်​သော ကျန်းမာရေးဝန်ထမ်းများက ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါကာ ကွယ်ဆေး(HPV)ထိုးနှံပေးပြီး အဆိုပါကျောင်းများမှ ဆရာ၊ ဆရာမများက ကြည့်ရှုအား‌ပေးစောင့်ရှောက်ခဲ့ကြသည်။

ပြည်သူ့ကျန်းမာရေးဌာနမှ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးရာတွင် (၁.၉.၂၀၁၁)ခုနှစ်မှ (၃၁.၈.၂၀၁၄)ခုနှစ်အတွင်း‌ မွေးဖွားသော အသက် (၉)နှစ်ပြည့်ပြီး အသက် (၁၂)နှစ်မကျော်သော မိန်းကလေးများအား‌ ထိုးနှံပေးခြင်းဖြစ်ရာ ကျောင်းအခြေပြုကာကွယ်ဆေးထိုးအစီအစဉ်ကို စက်တင်ဘာ (၁၈)ရက်နေ့မှ စက်တင်ဘာ (၂၈)ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ပြီး၊ ပြည်သူလူထုအခြေပြုကာကွယ်ဆေးထိုးအစီအစဉ်ကို အောက်တိုဘာ(၁၆)ရက်နေ့မှ အောက်တိုဘာ(၂၇)ရက်နေ့အထိ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)