စဉ့်ကိုင်မြို့နယ်၌ ပြည်သူများအား စားအုန်းဆီများကို ရည်ညွှန်းဈေးဖြင့် ရောင်းချ

စဉ့်ကိုင်  စက်တင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ဒေသနေပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန် စားအုန်းဆီများကို ရည်ညွှန်းဈေးနှုန်းဖြင့် ယမန်နေ့ နံနက် (၈)နာရီအချိန်က  အိုးထိန်းတောင်ကျေးရွာ၌ မြန်မာနိင်ငံ ဆီကုန်သည်နှင့်    ဆီလုပ်ငန်းရှင်များ အသင်းအစီအစဉ်ဖြင့် ပလိပ်ကျေးရွာအုပ်စု၊ စျေးကွက်သစ်ရပ်ကွက်နေ  ဦးကျော်ဆွေဝင်း+  ဒေါ်ခင်လဲ့ကြည်  (ငွေပင်လယ်မိသားစု)  တို့မှရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် ဒေသနေအခြေခံလူတန်းစားများအား စားအုန်ဆီများကို သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရန် မြန်မာနိုင်ငံဆီကုန်သည်များ၊ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ၊ စဉ့်ကိုင်မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းမှ ရည်ညွှန်းဈေး(၄၉၉၉)ကျပ် သတ်မှတ်နှုန်းဖြင့်  လူတစ်ဦးလျှင် (၁)ပိသာနှုန်း ဖြန့်ဝေရောင်းချပေးရာ၊  စားအုန်းဆီ ပိဿာချိန်(၅၅၀)ကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများဖြင့်  ပူးပေါင်းရောင်းချပေးခဲ့ကြောင်း သိရသည်။

ဝင်းဝင်းသန်း(စဉ့်ကိုင်)