ပြင်ဦးလွင်ခရိုင်တွင် ၂၀၂၃ ခုနှစ်(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ပြင်ဦးလွင် စက်တင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၏ ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို  ယမန်နေ့ ညနေ ၆ နာရီက ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၅)ရှိ ပြင်ဦးလွင်မြို့တော်ခန်းမ၌ကျင်းပရာပြင်ဦးလွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်း၊ တပ်မတော်နည်းပညာ တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်အေးမင်းဦး၊ တပ်မတော်အုပ်ချုပ်မှုကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်လှမျိုး၊ တပ်မတော်ဆက်သွယ်ရေးနှင့်အီလက်ထရွန်းနစ်ကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ရဲမြင့်နိုင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ပြင်ဦးလွင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ထားထားဝင်းနှင့်အဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန္တာထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲအကဲဖြတ်ဒိုင်များနှင့် ပြိုင်ပွဲဝင်များ  တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်၏ ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းက အမှာစကားပြောကြားသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ တာဝန်ရှိသူများက ပြင်ဦးလွင်ခရိုင်၏ ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် သက်ဆိုင်ရာဘာသာရပ် ပြိုင်ပွဲအမျိုးအစားများအလိုက် ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆုနှင့် နှစ်သိမ့်ဆုရရှိခဲ့သူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပြိုင်ပွဲစဉ်တစ်လျှောက် အကဲဖြတ်ဒိုင်များအဖြစ်ဆောင်ရွက်ခဲ့ကြသည့် ပညာရှင် များအား ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းက ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်ဆောင်များချီးမြှင့်ခြင်း၊ ပြင်ဦးလွင်မြို့နယ် သဘင်အစည်းအရုံးက အကဲဖြတ်ဒိုင်များအား ဂုဏ်ပြုဆုငွေငါးသိန်းကျပ် ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သူများ၏ ပြန်လည်ဖျော်ဖြေမှုများနှင့် အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ခဲ့သူ ဒေါ်နန်းခင်မွှေး၏ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားအား အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

ပြင်ဦးလွင်ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ကဗျာလွတ်အက(၁၈)ဦး၊ ကျေးလက်အက(၃၅) ဦး၊ အဆို(ကျား၊မ)(၂၉)ဦး၊ တပင်တိုင်အက(ကျား၊မ)(၁၂)ဦး၊ အရေးတစ်ဦး၊ အတီး(ကျား၊မ)သုံးဦး၊ စုစုပေါင်းပြိုင်ပွဲဝင်(၉၈)ဦးတို့က ပြိုင်ပွဲအမျိုးအစားအလိုက် ဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ဖြူလူသစ် (ခရိုင် ပြန်/ဆက်)