တံတားမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းကျင်းပ

တံတား စက်တင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြည်သူများအသိပညာဗဟုသုတ တိုးပွားလာစေရန် စာအုပ်စာပေများအား လေ့လာဖတ်ရှု့လိုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ဆွေးနွေးရာမှ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ပူပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်များဖြစ်ပေါ်လာစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန် မရှိသူများအတွက် စာဖတ်ခွင့်မဆုံးရှုံးစေရန် စာဖတ်ရှိန်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ စာပေဝါသနာရှင်များနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့်ရေးသားသည့် ကောင်းကျိုးတည်ရန်မျှော်လင့်သည် စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀) နာရီအချိန်ကကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင် က အကောင်းမြင်စိတ်ဓာတ်တည်ဆောက်ပါ ခေါင်းစဥ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး၊ (Women Club) အဖွဲ့ဝင် ဒေါ်ဝါဝါထွန်းမှ အတွေးအမြင်တွေဝေမျှဖလှယ်ခြင်း ခေါင်းစဥ်ဖြင့်ဆွေးနွေးခဲ့ပြီး၊ (Book Club) အဖွဲ့ဝင် ဒေါ်ခိုင်ပြည့်စုံမှ ရိုးသားဖြောင့်မတ်ခြင်းဂုဏ် ခေါင်းစဥ်ဖြင့် ဆွေးနွေးပြောကြားခဲ့ကြရာ တက်ရောက်လာကြသော စာပေဝါသနာရှင်များမှ အပြန်အလှန်ဆွေးနွေးကာ အတွေးအမြင်ဗဟုသုတများ ဖလှယ်ခဲ့ကြကြောင်း သိရသည်။

ဖြိုးသီဟ (တံတားပြန်ဆက်)