ပင်လုံ စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉: ၀၀)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးသည် အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်မကျော်သည့် မိန်းကလေးများအား ထိုးနှံပေးမှသာ ဆေးအာနိသင်ထိရောက်မည်ဖြစ်ရာ ထိုသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) စနစ်တကျထိုးနှံရာတွင် အောင်မြင်စွာထိုးနှံနိုင်ရေးအတွက် ပင်လုံမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ ပညာရေးဌာနနှင့်မိဘပြည်သူများပူးပေါင်း၍ဆောင်ရွက်နေခြင်းကို (၁၈.၉.၂၀၂၃)ရက်နေ့မှ(၂၀.၉.၂၀၂၃)ရက်နေ့အထိ ပင်လုံမြို့ရှိ အခြေခံပညာကျောင်း ၅ ကျောင်းရှိ ကျောင်းသူလေးများအား အောင်မြင်စွာ ထိုးနှံပေးခဲ့ပြီး ကျန်ရှိကျောင်းများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
မြို့နယ် (ပြန်/ဆက်)