မြစ်ကြီးနား စက်တင်ဘာ ၂၀
အမှတ် (၁၂) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မြစ်ကြီးနား)မှ ကြီးမှူး၍ လူကုန်ကူးမှု/လူမှောင်ခိုမှုနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ အေးမြသီတာခန်းမ၌ ကျင်းပသည်။
မြစ်ကြီးနားမြို့ အမှတ် (၁၂) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ဒုတိယတပ်ဖွဲ့စုမှူး၊ ဒုတိယရဲမှူး သိန်းထိုက်အေးက လူမှောင်ခို၊ လူကုန်ကူးမှုဆိုင်ရာများအား အသိပညာပေးဟောပြောပြီး အမှတ် (၂) ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ရဲတပ်ဖွဲ့စိပ်မှ ရဲအုပ်သောင်းရွှေက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာများအား အသိပညာပေး ဟောပြောသည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်ကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း အင်အား (၃၀၀) ဦးခန့်အား လူကုန်ကူးမှု/လူမှောင်ခိုမှုဆိုင်ရာအသိပညာ ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)