သန်လျင် စက်တင်ဘာ ၂၀
အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို သန်လျင်ခရိုင်၊ သန်လျင်မြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ သန်လျင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးဇော်မင်းထိုက်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူးရုံးမှလက်ထောက်ညွှန်ကြားရေးမှူးဒေါ်သန်းသန်းအေးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ဝင် တိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားညွှန်ကြားရေးမှူးဦးစီးဌာနတိုင်းဦးစီးမှူး(ကိုယ်စား) လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စုစုက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ ကျောင်းသားလူငယ်များ သိရှိသင့်သိရှိထိုက်သော အကြောင်းအရာများကို ပရိုဂျက်တာဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး ကျောင်းသားကျောင်းသူများနှင့်မေးခွန်းမေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်းတို့ဆောင်ရွက်ကြသည်။
အခမ်းအနားသို့ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူးရဲမှူးဇော်လင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခေတ္တမြို့နယ်ပညာရေးမှူးဦးအုန်းကျော်၊ ကျောင်းအုပ်ဆရာမကြီးဒေါ်စံသာနုနှင့်ဆရာ /ဆရာမများကျောင်းသား ကျောင်းသူများတက်ရောက်ကြသည်။
ယနေ့အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဓာတ်ပုံ၊ နံရံကပ်စာစောင်ပြပွဲအား ခင်းကျင်းပြသပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်ဆက်)