အင်းစိန်မြို့နယ်၌ ကျောင်းကြက်ခြေနီနှင့် ရှေးဉီးပြုစုခြင်း သိကောင်းစရာ ဟောပြောပွဲကျင်းပ

ရန်ကုန်   စက်တင်ဘာ   ၂၀

ရန်ကုန်တိုင်းဒေသကြီး၊  အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းကြက်ခြေနီနှင့် ရှေးဉီးပြုစုခြင်း သိကောင်းစရာဟောပြောပွဲကို ယနေ့မွန်းတည့်(၁၂)နာရီက အင်းစိန်မြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ဧရာဝတီခန်းမတွင် ကျင်းပသည်။

ကျင်းပရာတွင် အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်း၊ တပ်ဖွဲ့မှူး ဉီးနီထွန်း က ရှေးဦးပြုစုခြင်း ပညာရပ်များ၊ ကြက်ခြေနီဖြစ်ပေါ်လာပုံ၊ ကြက်ခြေနီအခြေခံမူ (၇)ချက်၊ အရေးပေါ် လူနာများအသက်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှောင်ရန်၊ ဆောင်ရန်အချက် အလက်များနှင့်  ရှေးဉီးပြုစုခြင်း အသိပညာပေးသိကောင်းစရာများကို ဟောပြောပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးစည်သူဇော်၊ တပ်ဖွဲ့မှူး ဦးနီထွန်းနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား  ရှေးဉီးပြုစုခြင်း ပညာရပ်များကို လက်တွေ့သရုပ်ပြသခဲ့ပြီး အင်းစိန်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီမြင့် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို ( ပြန်/ဆက်)