တာမိုးညဲမြို့တွင် HPV ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း (၂၀၂၃)ကျောင်းအခြေပြု သာအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်

တာမိုးညဲ စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့၊ အထက(တာမိုးညဲ)၌ စက်တင်ဘာ ၁၈ ရက်နေ့နံနက် (၀၉:၀၀)ချိန်တွင် HPV နှင့် HPV ကြောင့် ဖြစ်တတ်သော သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ရေးအတွက် အသက်(၉)နှစ်မှ (၁၂)နှစ်အောက် ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ တာမိုးညဲမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဌေး၊ တာမိုးညဲပြည်သူ့ဆေးရုံ တာဝန်ခံ ဆရာဝန်ဒေါက်တာရဲလင်းကျော်၊ အ.ထ.က(တာမိုးညဲ) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများက ပေါင်းစပ်ကူညီဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

တာမိုးညဲ(ပြန်/ဆက်)