ဒဂုံတောင် စက်တင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉)နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးသန်းဦး၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများအပါအဝင် ကျောင်းသားကျောင်းသူ(၂၅၀)ဦး ပါဝင်တက်ရောက်သည်။
ရှေးဦးစွာ လူငယ်စကားဝိုင်းတွင် မြို့နယ်ပညာရေးမှူးကိုယ်စား အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်ချိုချိုဝင့်က အဖွင့်အမှာစကားပြောကြားပြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သန်းသန်းအေးက လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွက်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များတိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင်လုပ်ဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ၊ နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သန်းသန်းအေးနှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမဒေါ်ဥမ္မာငြိမ်းတို့က ညှိနှိုင်းရေးမှူးများအဖြစ်ဆောင်ရွက်ပြီး အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း Grade -12 ကျောင်းသူမမေသူဇော်က လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade– 12 ကျောင်းသူမအိအိဖြိုးက လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့်လည်းကောင်း ၊ Grade-12 ကျောင်းသူမအေးမြတ်ပွင့်ဖြူက လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-12 ကျောင်းသားမောင်သက်ပိုင်ဦးက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-12 ကျောင်းသားမောင်ထူးပြည့်ကျော်က လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသားမောင်ရဲထိုက်က လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကြပြီး စကားဝိုင်းသို့တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင်ဆွေးနွေးသည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကိုမေးမြန်းရာ ဦးဆောင်ဆွေးနွေးသူ ကျောင်းသားကျောင်းသူတို့က အသီးသီးပြန်လည်ဖြေကြားပေးပြီး ကျောင်းအုပ်ဆရာမကြီးဒေါ်ချိုချိုဝင့်က ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ဦးဆောင်ဆွေးနွေးသူ ကျောင်းသား၊ကျောင်းသူများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များချီးမြှင့်ပေးအပ်ပြီး တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတရသစာအုပ်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်းသတင်းရရှိသည်။
သန်းသန်းအေး