ကွတ်ခိုင် စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်တွင် ပြည်သူများ ခြင်မှတစ်ဆင့် ကူးစက်တတ်သော သွေးလွန်တုက်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းတွင် ယမန်နေ့ မွန်းလွဲပိုင်း(၃) နာရီက ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်မာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးဦးစီးဌာနတို့က ပူးပေါင်းကာ အင်အား(၈)ဦးဖြင့် မူကြိုကျောင်းအတွင်းရှိ ခြင်ခိုအောင်းနိုင်သော နေရာများနှင့် ခြင်ပေါက်ဖွားနိုင်သည့် နေရာများအား ခြင်ဆေးမှုတ်ခြင်းကို ဆောင်ရွက်ခဲ့ပြီး ခြင်ဆေးများဖျန်းပေးရာတွင် အဆင်ပြေစေရေးအတွက်လည်း မူကြိုကျောင်းမှ ဆရာမများက ပူးပေါင်းကူညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)