ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာတွင် (HPV) သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံ

ကျောက်တလုံးကြီး စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ အသက် ၉ နှစ်မှ ၁၂ နှစ်အတွင်း ကလေးငယ်များအား (HPV)သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးခြင်းကို နောင်ခဲအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ယမန်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောက်တလုံးကြီးမြို့ တိုက်နယ်ဆေးရုံမှ ဒေါက်တာဥမ္မာဦး နှင့် ကျန်းမာရေးဝန်ထမ်းများက အသက်(၉)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသူ (၃၆၅)ဦးကို ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပေးပြီး (HPV)သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။

(HPV) သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ကလေးငယ်များ ပုံမှန် ကာကွယ်ဆေးထိုးခြင်းအစီအစဉ်တွင် အမျိုးသမီးငယ်များအား ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးစောလျင်စွာ ထိုးနှံထားခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုကို ထိရောက်စွာ ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ကာ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများကို  ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်နိုင်လင်း(ပြန်/ဆက်)