မြောက်ဦးမြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ဆက်လက်ထိုးနှံပေး

မြောက်ဦး စက်တင်ဘာ ၂၀

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ အသက်(၉) နှစ်မှ (၁၂) နှစ်အတွင်းရှိ မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က  မြို့သစ်ရပ်ကွက် အ.မ.က(မူလွန်)ကျောင်း၌ ကျန်းမာရေး ဝန်းထမ်းများက ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ကို မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အသက်(၉) နှစ်မှ (၁၂) နှစ်အတွင်းရှိ မိန်းကလေး များအား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျောင်းအခြေပြုထိုးနှံပေးမည်ဖြစ်ပြီး အောက်တိုဘာ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပြည်သူလူထုအခြေပြုထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးကို အသက်(၉) နှစ်မှ (၁၂) နှစ်အတွင်းထိုးနှံမှသာ ဆေးအာနိသင် ထိရောက်မည်ဖြစ်သည့်အတွက် အသက်ပိုင်းခြား ကန့်သတ်ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)