မိတ္ထီလာမြို့နယ်တွင်   အသက်မွေးဝမ်းကျောင်းအထောက်အကူပြု တန်ဖိုးမြှင့်စားသောက်ကုန် သင်တန်း အခမဲ့ ဖွင့်လှစ်သင်ကြား  

မိတ္ထီလာ  သြဂုတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ  အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တန်ဖိုးမြှင့်စားသောက်ကုန်သင်တန်းကို  ပေါက်ပင်သာ ကျေးရွာတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှနိုင်ငံခြားမှ တင်သွင်းသော စားသောက်ကုန်များနေရာတွင် မိမိဒေသထွက် စားသောက်ကုန်များဖြင့် အစားထိုး ထုတ်လုပ်တက်စေရန်၊ ဂျုံအခြေခံသည့် မုန့်များကို တာရှည်ခံနည်းပညာဖြင့် စနစ်တကျထုတ်လုပ်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း ထူထောင်နိုင်စေရန်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ ပေါ်ထွက်လာစေရန်၊ ကျန်းမာရေးနှင့် ညီညွှတ်သော အစားအသောက်များ ထုတ်လုပ်တက်စေရန်နှင့် ကျန်းမာရေးဗဟုသုတ တိုးပွားစေရန်၊ အသေးစား စက်မှုလက်မှုထုတ်ကုန်အသစ်များ ပေါ်ထွက်လာစေရန်၊ စားသောက်ကုန်ထုတ်လုပ်မှုဆိုင်ရာ ဥပဒေညွှန်ကြားချက်များကို သိရှိစေရန်နှင့် အသေးစားစက်မှု လက်မှုလုပ်ငန်းမှတ်ပုံတင် တိုးမြှင့်လာစေရန်တို့ ရည်ရွယ်၍ Bakery & Snack တန်ဖိုးမြှင့် စားသောက်ကုန်သင်တန်းကို ကျေးရွာအရောက် ကွင်းဆင်း၍ အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း မိတ္ထီလာမြို့နယ်ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှ  ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်စန်းတင်ထံမှ သိရသည်။

အဆိုပါသင်တန်းကို တောမကျေးရွာအုပ်စု ပေါက်ပင်သာကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ မှ သင်တန်းသားသင်တန်းသူ ၂၀ ဦးအား စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ အခမဲ့ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)