ရမ်းဗြဲ စက်တင်ဘာ ၁၈
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ရမ်းဗြဲမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက၊ ဂုဏ်ထူးကျော် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်ထွန်းက အဖွင့်အမှာစကားပြောကြားခြင်း၊ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက်လူငယ်စကားဝိုင်းကို ဆက်လက်ပြုလုပ်ရာ G-11 မှ မအိသဇင်ဝင်းကလူငယ်နှင့်ကိုယ်ကျင့်တရားခေါင်းစဉ်ဖြင့် လည်းကောင်း၊ G-11 မှ မောင်အောင်သက်ဟိန်းက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း G-11 မှ မမျိုးမြင့်လှိုင်က လူငယ်နှင့်ဆိုရှယ်မီဒီယာ ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်၊ ယင်းနောက်တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများမှ ဆွေးနွေးပြောကြားချက်များအပေါ် မိမိတို့သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဆွေးနွေးသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားခဲ့သည်။
ဆက်လက်ပြီး ဂုဏ်ထူးကျော် ကိုယ်ပိုင်(အထက)ကျောင်း တည်ထောင်သူ ဦးဖြူလုံးမှ ကျေးဇူးတင် စကားပြောကြားပြီး နောက်လာမည့် လများတွင်လည်း လူငယ်စကားဝိုင်းများကို မိမိတို့ကျောင်းသို့ လာရောက်၍ပြုလုပ်စေလိုကြောင်းနှင့် အဆိုပါ အခမ်းအနားသို့ ကျောင်း သား/ကျောင်းသူ(၁၄၄ )ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သိရသည်။
အောင်တင်ကြည်(ပြန်/ဆက်)