အမရပူရ စက်တင်ဘာ ၂၀
အမရပူရမြို့၊ ဆောင်းဒါးရက်ကန်းနှင့် သက်မွေးပညာသိပ္ပံကျောင်းနှင့် မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေး လုပ်ငန်းကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် Botanical Printing သင်တန်းဆင်းပွဲ ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေး ကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဦးအောင်မင်းက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့သည်။ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူ မထက်ထက်လွင် ကကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ ယင်းနောက် လူမှုရေးဝန်ကြီးနှင့်အဖွဲ့ဝင်များက သင်တန်းသားများ လက်တွေ့ပြုလုပ်ထားသော အဝတ်အထည်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)